Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


05 Apr,2022

နေပြည်တော် ဧပြီ(၅)ရက်

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) ကြီးကြပ်မှုအောက်ရှိ ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံနှင့်ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(၁၃)ကျောင်းတို့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုံးအမှတ်(၁၆)၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀:၀၀) နာရီအချိန်၌ ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ယွန်းပညာကောလိပ်နှင့် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေး ပညာသိပ္ပံတို့မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးများနှင့် ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်းတို့မှ ကျောင်းအုပ်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအခြေအနေနှင့် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ချမှတ်ရန်၊ သင်တန်းသားရရှိရေး အထူးကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတိုသင်တန်းများဖွင့်လှစ်ကြပြီး Innovation & Creation လုပ်ငန်းများ အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း သင်တန်းသား/သူများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေး အဓိကထား ပြင်ဆင်ထားရှိကြရန်နှင့် ကျောင်းပတ်ဝန်းကျင်များ စိမ်းလန်းစိုပြေရေးအတွက်ဆောင်ရွက်ထားရှိကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

​ဆက်လက်၍ ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(၁၃)ကျောင်းတို့မှ ကျောင်းအုပ်ကြီးများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို Power Point ဖြင့် တင်ပြဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်က တင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm