ရမည်းသင်း အောက်တိုဘာ ၂၇ ရက်
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ထီးလှိုင်ကျေးရွာ၌ ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ကျေးလက်ကုန်ထုတ်
လမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးအောင်ကျော်ဆန်းနှင့် ဝန်ထမ်းများက ကျေးရွာတာဝန်ရှိသူများနှင့်အတူ ထီးလှိုင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်
လမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှုး ဦးအောင်ကျော်ဆန်းက လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။