Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နတ်ရွာ(နေပြည်တော်-မြို့သစ်-ကံပြားလမ်း)ပြီးစီးမှုကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


24 Oct,2024

မြို့သစ် အောက်တိုဘာ ၂၃

            မကွေးခရိုင် မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း နတ်ရွာ (နေပြည်တော်-မြို့သစ်-ကံပြားလမ်း) စုစုပေါင်း(၂/၀ မိုင် ) ရှိသည့်အနက် တိုင်းဒေသကြီး (ပြင်/ထိန်း) ရန်ပုံငွေကျပ် ၁၃ ဒသမ ၅၀၀ သန်းဖြင့် ဆောင်ရွက်နေသည့် နတ်ရွာ (နေပြည်တော်-မြို့သစ်- ကံပြားလမ်း) (၁/ဝ မိုင် -၂/၀မိုင်) ကြား မြေနီခင်း၍ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို အောက်တိုဘာ ၂၂ ရက်က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်နှင့် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဆလိုင်းနေအောင်ဆန်းတို့က မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လမ်းများရေရှည်ကောင်းမွန်ရေးနှင့် ရာသီမရွေးသွားလာနိုင်စေရေး၊ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်သည်များ မှာကြားသည်။

            အဆိုပါလမ်းကို ပြုပြင်ဆောင်ရွက်ပေးခြင်းဖြင့် အကျိုးပြုကျေးရွာ တစ်ရွာ၊ အိမ်ခြေ ၂၁၁ အိမ်၊ လူဦးရေ ၁၁၁၂ ဦးတို့ ဖြတ်သန်းသွားလာအသုံးပြုလျက်ရှိကာ စုစုပေါင်းစိုက်ပျိုးဧက ၁၀၀၀ ခန့်ရှိပြီး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးကျော်နိုင်ဦးထံမှ သိရသည်။

ကိုဇော်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm