ပြည် အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ဇီးအုပ်ကျေးရွာ တောင်သူလယ်သမားသင်တန်း ကျောင်း၌ အောက်တိုဘာ ၂၃ ရက်က ပြည်ခရိုင်နှင့် နတ္တလင်းခရိုင်အတွင်းရှိ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား နေကြာအထွက်နှုန်းတိုးတက်ရေးအတွက် ပြည်မြို့နယ် သမဝါယမဦးစီးဌာနမှ ကြီးမှူး၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပျားလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ နည်းပညာပေးသင်တန်းကို ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။သင်တန်ဖွင့်ပွဲ၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းသို့ ပြည်ခရိုင်အတွင်းရှိ နေကြာစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူ ပြည်မြို့နယ်မှ သင်တန်းသား (၁၅) ဦး၊ ရွှေတောင်မြို့နယ်မှ သင်တန်းသား (၁၃) ဦး၊ ပန်းတောင်းမြို့နယ်မှ သင်တန်းသား (၁၃) ဦးနှင့် နတ္တလင်းခရိုင်အတွင်းရှိ နေကြာစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူ သဲကုန်းမြို့နယ်မှ (၁၃) ဦး၊ ပေါင်းတည်မြို့နယ်မှ (၁၃) ဦး၊ သင်တန်းသားစုစုပေါင်း (၈၀) ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြဆရာ(၆)ဦးတို့က စာတွေ့ လက်တွေ့သင်ကြားပိုချပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုး(ပြန်ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။