Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားပြည်သူများသို့ ဆန်နှင့်မြေပဲဆီသန့်များ ဖြန့်ဖြူးရောင်းချ


25 Oct,2024

ရန်ကုန် အောက်တိုဘာ ၂၅

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ စဉ်ဆက်မပြတ်လုပ်ငန်းများ လည်ပတ်နိုင်စေရန်နှင့် စားသုံးသူအသင်းသားပြည်သူများ အခြေခံ စားကုန်များကို ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာန၏ ပေါင်းစပ်ညှိနှိုင်းချက်အရ မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းမှ ပေါ်ဆန်း ၂၄ ပြည်ပါ ဆန်အိတ် ၆၇၀ အိတ် တန်ဖိုးငွေကျပ် ၉၈၄ ဒသမ ၇၀၀ သိန်းနှင့် ပခုက္ကူဒေသထွက် မြေပဲဆီ သန့် ၄၃၂ ပိဿာ တန်ဖိုးငွေကျပ် ၈၈ ဒသမ ၅၆၀ သိန်း၊ စုစုပေါင်းငွေကျပ် ၁၀၇၃ ဒသမ ၂၆၀ သိန်း အား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ သမဝါယမအသင်းသားများနှင့် အများပြည်သူ များသို့ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm