Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်လတ်မြို့နယ် ခြောက်ပင်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု စစ်ဆေး


22 Oct,2024

ကျိုက်လတ်မြို့နယ် ခြောက်ပင်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု စစ်ဆေး

ကျိုတ်လတ် အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တဲ့တဲ့ကူးကျေးရွာအုပ်စု၊ ခြောက်ပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်နှင့် အင်ဂျင်နီဝန်ထမ်းများမှ ကျေးရွာ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မိမိတို့နေ့စဉ် အသုံးပြုသွားလာရမည့်လမ်းဖြစ်ပြီး လမ်းရေရှည်တည်တံ့အောင်၊ ပျက်စီးမှုမရှိအောင် အားလုံးဝိုင်းဝန်းထိန်းသိမ်းသွားကြရမှာဖြစ်ကြာင်း ဆွေးနွေးခဲ့ပါသည်။

အဆိုပါ ခြောက်ပင်ကျေးရွာတွင် ကျေးရွာတွင်းလမ်း အရှည် ၄၀၀ပေ၊ အကျယ် ခြောက်ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေများအနက်မှ ငွေကျပ်၆ဒသမ၂၅သန်းနှင့် ကျေးရွာနေ ပြည်သူတို့ လုပ်အားထည့်ဝင်မှုတို့ဖြင့် စက်တင်ဘာလ  ပထမအပတ်မှ  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။

အဆိုပါ ခြောက်ပင်ကျေးရွာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာအိမ်ခြေ ၁၇၉အိမ်၊ လူဦးရေ ၄၉၄ဦးအတွက် ရာသီမရွေးသွားလာနိုင်ခြင်း၊ ကျေးရွာတွင်း သန့်ရှင်းသာယာလှပမှုရှိပြီး ကျေးရွာနေပြည်သူ တို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး လုပ်ငန်းများ ယခင်က ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm