Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်၌ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေး


22 Oct,2024

မိတ္ထီလာ အောက်တိုဘာ ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင်ကျေးရွာဖြစ်သည့် တောမကျေးရွာတွင် Mobile Financial Payment စနစ်ဖြင့် စီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ် အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌  ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက အဖွင့်အမှာစကားပြောကြားပါသသည်။

 

ဆက်လက်၍ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းအိထွေးက မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေ ပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခင်က စီမံကိန်းကျေးရွာများတွင် ရန်ပုံငွေထုတ်ချေးခြင်း၊ အရင်း/အတိုး ပြန်လည်ပေးဆပ်ခြင်းလုပ်ငန်းစဉ်များကို Manual Cash - based စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါလုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် စီတီဇင်ပေး (Citizens Pay)နှင့်ပူးပေါင်း၍ Mobile Financial Payment စနစ်သို့ ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

 

ဆက်လက်၍ စီတီဇင်ပေး (Citizens Pay) တာဝန်ရှိသူများနှင့် ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက Citizen Pay ဖြင့် Digital နည်းပညာကို အသုံးပြု၍ Mobile Phone မှတဆင့် တောမကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဒုတိယအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၂ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၇ ဦး ၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၄၉ ဦး၊ စုစုပေါင်း အသင်းသား ၁၀၈ ဦးအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၂ ဒသမ ၀၅ သိန်းကို ကျေးရွာသူ/ကျေးရွာသားများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm