Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငဖဲမြို့နယ်၊ ဝင်္ဂဘာကျေးရွာ၌ မြေနီကျောက်စရစ်လမ်းခင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး


22 Oct,2024

ငဖဲ အောက်တိုဘာ ၂၂


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် မင်းလွင်  ကျေးရွာအုပ်စု၊ ဝင်္ဂဘာကျေးရွာတွင် မြေနီကျောက်စရစ်လမ်းခင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းရာတွင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါဖြိုးပြည့်စုံဟိန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ဝင်္ဂဘာကျေးရွာ၌ မြေနီကျောက်စရစ်လမ်း ခင်းခြင်းနှင့် Slab Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါဖြိုးပြည့်စုံဟိန်းက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်မှာကြားခဲ့ပြီး  ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ဝင်္ဂဘာကျေးကျေးရွာ၌ အရှည် ၁၇၈၀ ပေ၊ အကျယ် ၁၂ ပေ၊ ထုကိုးလက်မ  မြေနီကျောက်စရစ်လမ်းခင်းခြင်းနှင့် အလျား ၁၁ ပေ ၊အနံ ၁၈ ပေ ၊ အမြင့် ၄ ပေ  Slab Culvert တည်ဆောက်ခြင်းလုပ်ငန်းများကို VDP စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၅၀ နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်  ၃၂ သိန်း ၊ စုစုပေါင်းငွေကျပ် ၁၈၂  သိန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင်   ယခုနှစ် ဩဂုတ်လ  ၁၃ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း‌ဆောင်ရွက်မှုမှာ ၉၀ ရာခိုင်နှုန်း  ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါဖြိုးပြည့်စုံဟိန်း ထံမှသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm