Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကျင်းပ


21 Oct,2024

နေပြည်တော်၊ အောက်တိုဘာ ၂၁

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ဌာန၏ Vision ၊ Mission နှင့် အဓိကလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ထမ်းတစ်ဦးချင်းစီတိုင်း စွမ်းဆောင်ရည်ရှိနေစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။

             အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က  ယခုဝန်ထမ်းများသည် နောင်တစ်ချိန် ရာထူးများတိုးမြှင့်လာပြီး ခရိုင်ရုံးများ၊ ကျောင်းများတွင် ဦးစီးဦးဆောင်လုပ်လာရသည့်အခါ မဖြစ်မနေသိရှိ မှတ်သားထား ရမည့် ရုံးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုများအပြင် မိမိအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ရမည့်နည်းလမ်းများနှင့် ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာပညာရပ်များကို ဆွေးနွေးပို့ချမည်ဖြစ်သောကြောင့် ယခု သင်တန်းက လက်တွေ့လုပ်ငန်းခွင်အတွက်  အမှန်တကယ်အကျိုးများမှာဖြစ်သလို မိမိတို့ ရုံးလုပ်ငန်း များတွင် ပြန်လည်အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ ဌာန၌ရှိသော လုပ်ငန်းများသည် တစ်ခုနှင့်တစ်ခု၊ တစ်ဌာနနှင့် တစ်ဌာနဆက်စပ်မှုရှိပြီး အချင်းချင်းပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ရခြင်းများ ရှိပါကြောင်း၊ ဌာနတစ်ခုတည်းကပဲ အောင်မြင်နေ၍ မဖြစ်သလို ဝန်ထမ်းတစ်ဦးတည်းကပဲ တော်နေတတ်နေရုံဖြင့် ဌာန၏ Mission ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် ဌာန အားလုံးဖြင့်သော်လည်းကောင်း၊ ဝန်ထမ်းအချင်းချင်းသော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် ရက်တိုသော်လည်း အမှန်တကယ်တတ်ကျွမ်း နားလည် သည်အထိ လေ့လာဆည်းပူးသွားကြရန်နှင့် သင်တန်းပြီးဆုံးသည့်အခါ မိမိတို့တာဝန်ကျရာ နေရာဌာနများတွင်လည်း လက်တွေ့အသုံးချသွားကြရန်၊ မိမိတို့ဦးစီးဌာနကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

          ယခုဖွင့်လှစ်သော အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် သင်တန်းသား အရာထမ်းအဆင့်ဝန်ထမ်း (၂၁)ဦးအား ခေါင်းဆောင်မှုဘာသာရပ်၊ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဘာသာရပ်၊ ရုံးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုဘာသာရပ်၊ ထူးချွန်ထက်မြတ်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရန် စွမ်းဆောင်ရည်မြှင့်တင်ရေးဘာသာရပ်၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်း ကျင့်ဝတ်၊ ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်း အကြောင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဘာသာရပ်များ စသည်တို့ကို အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၅) ရက်ကြာ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm