ချောက် အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ချောက်-မကွေးကားလမ်းမကြီးမှ တောင်တဲကြီးကျေးရွာအဝင်လမ်း မြေနီလမ်းခင်းခြင်း ဆောင်ရွက်နေမှု အခြေအနေများကို အောက်တိုဘာလ ၂၂ ရက်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အေးလဲ့လဲ့စိုးနှင့် တာဝန်ရှိသူများက ချောက်မြို့နယ် ချောက်-မကွေးကားလမ်းမကြီးမှ တောင်တဲကြီးကျေးရွာအဝင်လမ်း မြေနီလမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးအရာရှိက လိုအပ်သည်များမှာကြားသည်။
အဆိုပါ တောင်တဲကြီးကျေးရွာ၌ အရှည် တစ်မိုင်၊ အကျယ် ၁၈ ပေ၊ ထု ၈ လက်မရှိ ကျေးရွာအဝင်လမ်း မြေနီခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုငွေ ငွေကျပ် ၃၈ ဒသမ ၅ သန်းဖြင့် တင်ဒါအောင်မြင်သည့် Win & Mo ကုမ္ပဏီက ဇွန်လ တတိယပတ်မှစ၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
ယင်းကျေးရွာအဝင်လမ်း ဆောင်ရွက်ပြီးစီးမှုကြောင့် တောင်တဲကြီးကျေးရွာအပါအဝင် ကျေးရွာ ငါးရွာရှိ အိမ်ခြေ ၉၈၉ အိမ်၊ လူဦးရေ ၄၅၉၂ ဦးအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေနိုင်ပြီဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။