Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာစည်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြင်းဒိုက်-ကမ္ဘားနီ-စေတီတောင်- ဆင်တောင်-ခွေးရုပ်လမ်းပျက်စီးမှု ကြည့်ရှုစစ်ဆေး


23 Oct,2024

သာစည် အောက်တိုဘာ ၂၂

            မိတ္ထီလာခရိုင် သာစည်မြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သော မြင်းဒိုက်- ကမ္ဘားနီ-စေတီတောင်-ဆင်တောင်-ခွေးရုပ်လမ်းကို ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နှင်းနှင်းအိလှိုင်၊ မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ပိုပိုချစ်တို့သည် ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

            သာစည်မြို့နယ်၌ စက်တင်ဘာလတွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တောင်ပေါ်ဒေသကျေးရွာများဖြစ်သည့် မြင်းဒိုက် - ကမ္ဘားနီ – စေတီတောင် - ဆင်တောင် - ခွေးရုပ်ကျေးရွာတို့ ဆက်သွယ်သွားလာသည့် လမ်းအရှည် (၈/၀) မိုင် ကျောက်လမ်းသည် တောင်ကျချောင်းရေတိုက်စားမှုကြောင့် လမ်းသားပဲ့ကျခြင်း၊ တောင်ပြိုခြင်း၊ လမ်းပိုင်းပြတ်ခြင်းတို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လတ်တလောသွားလာရေး အဆင်ပြေနိုင်စေရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ သစ်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ တောင်ပြိုမြေများ ဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ပေးငွေများပေးအပ်ခဲ့ကာ တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် မြေပြင်အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

            အဆိုပါ မြင်းဒိုက်-ကမ္ဘားနီစေတီတောင်-ဆင်တောင်-ခွေးရုပ်လမ်းသည် ကျေးရွာကိုးရွာ ဆက်သွယ်သွားလာနေသော လမ်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm