Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


22 Oct,2024

နေပြည်တော် အောက်တိုဘာ ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ပိုင်းက အဆိုပါဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University မှ Mr. Vorozhtsov Alexander Borisovich (မစ္စတာ ဘာရာဆော့ အလက်ဇန်းဒါး ဘာရီဆော့ဗြိ) ဒုတိယ ပါမောက္ခချုပ်၊ ဒါရိုက်တာ၊ ကာကွယ်ရေးနှင့် နိုင်ငံတော်လုံခြုံရေးနယ်ပယ်၊ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးစင်တာ၊ Tomsk ပြည်နယ်တက္ကသိုလ် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် Tomsk State University ၌ သင်ကြားပို့ချပေးလျက်ရှိသော စိုက်ပျိုးရေးနှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်များ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဘာသာရပ်များ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များအပါအဝင် အခြားသော ဘာသာရပ်ဆိုင်ရာ နယ်ပယ်များ တွင် သင်ကြားပို့ချပေးနေမှုများ၊ Bachelor ၊ Master ၊ Ph.D Degree Programme များတွင် ပါဝင် ယှဉ်ပြိုင် လျှောက်ထားနိုင်မည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tomsk State University နှင့် မြန်မာနိုင်ငံ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များအကြား ပညာရပ်ဆိုင်ရာနှင့် အကျိုးပြု သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ Exchange Visits၊ Seminar များ၊ Webinar များ တက်ရောက်နိုင်ရေးအတွက် MoU လက်မှတ်ရေးထိုးရေး ညှိနှိုင်းဆောင်ရွက်မည့်အခြေအနေများ၊ Schlorship ပညာသင်ဆု လျှောက်ထားနိုင်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း) တို့မှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။  


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm