Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ဦးမြို့နယ် တောင်ခွင်ကျေးရွာ၌ ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်နေမှု စစ်ဆေး


22 Oct,2024

ညောင်ဦး အောက်တိုဘာ ၂၁

         မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တောင်ခွင်ကျေးရွာ၌ ကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျဝင်း၊ ညောင်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအေးလွင်၊ ညောင်ဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ကလျာစိုးနှင့် တာဝန်ရှိသူများက တောင်ခွင်ကျေးရွာ၌ ကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျဝင်းက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

        တောင်ခွင်ကျေးရွာ၌ ကျေးရွာအဝင်လမ်း အရှည် သုံးဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ လက်မ ရှိ ကျောက်ခင်းလမ်းပေါ်တွင် ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၃၁ ဒသမ ၈၃ သန်း အသုံးပြု၍ ပုဂံရွှေမြေကုမ္ပဏီက ယခုနှစ် ဇွန်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

         အဆိုပါ ကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းပြီးစီးပါက တောင်ခွင်ကျေးရွာအပြင် အနီးနားကျေးရွာရှိ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မင်းမြင့်မိုရ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm