Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံတောင်ကြီးမြို့နယ် ‌‌ငှက်ပျောတော(အထက်)+ဗဟုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး


22 Oct,2024

သံတောင်ကြီးမြို့နယ် ‌‌ငှက်ပျောတော(အထက်)+ဗဟုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး

သံတောင်ကြီး အောက်တိုဘာ ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ စေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ငှက်ပျောတော(အထက်)+ဗဟုန်း ကျေးရွာ၌  မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများဖြင့် စီမံကိန်းလုပ်ငန်းများအကောင်  အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ခရိုင်ဦးစီးမှူး ဦးရန်နိုင်ညွန့်၊ မြို့နယ်မှ စီမံကိန်းတာဝန်ခံ ဦးအောင်မွန်နှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သံတောင်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရန်နိုင်ညွှန့်နှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ငှက်ပျောတော(အထက်)+ ဗဟုန်းကျေးရွာ၌  မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးရန်နိုင်ညွန့်က စီမံကိန်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ငှက်ပျောတော(အထက်)+ဗဟုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး တတိယအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၃၄ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုသူ ၄ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၇ ဦး၊စုစုပေါင်း အသင်းသား ၅၅ ဦးကို မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၀၀ သိန်းအား အတိုးနှုန်း သက်သာစွာဖြင့်ထုတ်ချေးပေးထားကြောင်း သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဦးအောင်မွန်ထံက သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm