Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုပ္ဗသီရိမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


17 Oct,2024

နေပြည်တော် အောက်တိုဘာ ၁၇

          အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ အစီအစဉ် ဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မြို့နယ် (၃)ခု အတွင်းမှ ကျေးရွာ (၄) ရွာရှိ ရေဘေးသင့် နေအိမ်များအနက် အလုံးစုံပြန်လည်ပြင်ဆင်ရမည့် နေအိမ် (၃၄) လုံး၊ တစ်စိတ်တစ်ပိုင်း ပြင်ဆင်ခြင်း (၁၀ လုံး၊ စုစုပေါင်း (၄၄) လုံးကို အလှူရှင် CB Bank ဥက္ကဋ္ဌ၏ လှူဒါန်းငွေ ကျပ်သိန်း (၃၀၀၀)ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ရာ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင် ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့နေ့လယ်ပိုင်းက ပုပ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာစံပြကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလုံးစုံပျက်စီး၍ အသစ်တည်ဆောက်မည့်နေအိမ် ပန္နက်တင် ပြန်လည်တည်ဆောက်နေမှုနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးမှု ပြင်ဆင်နေသည့်နေအိမ် တို့အား  သွားရောက်ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တွန်းအားပေး ဆောင်ရွက် သွားရန် လမ်းညွှန်မှာကြားပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက နေအိမ်ထိခိုက်ပျက်စီးသွားသော ရွာသူရွာသားများ တွေ့ဆုံ အားပေးစကား ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ယနေ့စတင်ဆောက်လုပ်မည့် အိမ်အတွက် ပန္နက်ရိုက်ခြင်း၊ တိုင်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တစ်စိတ်တစ်ပိုင်း ပြင်ဆင်ပေးရမည့် အိမ်များကို လိုက်လံကြည့်ရှုစစ်ဆေးပါသည်။

          ယင်းနောက် အေးမြင့်သာယာကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရေကြီးနစ်မြုပ်ခဲ့သည် မိုးစပါး နှင့် စိုက်ပျိုး သီးနှံများအစား ဒေသနှင့် ကိုက်ညီသည့် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့်လည်း စိတ်ဓါတ်မကျရန် စိတ်တူ ကိုယ်တူ ဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်း များဖွဲ့စည်းကာ ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်ဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ် လုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည့် အရင်းအနှီးများ မတည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မတ်ပဲစိုက်ပျိုးရာတွင် ရေကြီးနှစ်မြှုပ်မှုခံရမှုကြောင့် စိုက်ပျိုးမြေများတွင် မြေဆီမြေဩဇာအခြေအနေပြောင်းလဲမှုကို သိရှိနိုင်ရန်နှင့် လိုအပ်သော မြေဆီ အဟာရမှန်ကန်စွာ ဖြည့်သွင်းပေးနိုင်ရန် မြေဆီလွှာဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မြေဩဇာအချိုးအဆ မှန်ကန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊

နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီးနောက် အေးမြင့်သာယာ ကျေးရွာရှိ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ (၆၆) ဦးနှင့် တွေ့ဆုံကာ အသင်းသားပိုင် စိုက်ပျိုးမြေ (၂၀၀) ဧကတွင် ဆောင်းသီးနှံ မတ်ပဲစိုက် ပျိုးရေး ညှိနှိုင်းဆွေးနွေးပြီး မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက လှူဒါန်း ထားသော မတ်ပဲမျိုး ပိဿာ ( ၂၀၀၀   ) ကို လည်းကောင်း၊ သမဝါယမဦးစီးဌာနက ကူညီ ထောက်ပံ့ ပေးသည့်  သွင်းအားစု ဓာတ်မြေဩဇာများကိုလည်းကောင်း ပေးအပ်ခဲ့ပြီး ဆောင်းသီးနှံစိုက်ပျိုးရာမှာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ကြရန် အမှန်တကယ်စိုက်ပျိုးရန်နှင့် အထွက်တိုးရေးအားထည့်ဆောင်ရွက် ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm