Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြမျိုးသန့်မျိုးစေ့ထုတ်သမဝါယမအသင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေတို့မှ ထောက်ပံ့ငွေနှင့် သွင်းအားစုများ ပံ့ပိုး


15 Oct,2024

မြောင်းမြ အောက်တိုဘာ ၁၄

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ  မြမျိုးသန့်မျိုးစေ့ထုတ်သမဝါယမအသင်းမှ အသင်းသား ၃၀ ဦး၏ မိုးစပါးစုစုပေါင်းစိုက်ဧက ၁၄၀ ပေါ်တွင် ဆင်းသုခ၊ ဧရာမင်းနှင့် ပေါ်ဆန်းရင် စပါးများ စိုက်ပျိုးထားရှိပြီး အဆိုပါစိုက်ဧကများအနက် ၅၀ ဧကအတွက် တိုင်းဒေသ ကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၅ သန်းကိုလည်းကောင်း၊ စိုက်ဧက ၉၀ ဧကအတွက် ပြည်ထောင်စုဘတ်ဂျက်ဖြင့် လူမှုစီးပွားမြှင့်တင် ရေးစီမံကိန်းရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၈ သန်း နှင့်ညီမျှသောကွန်ပေါင်း (၁၅း၁၅း၁၅)၊ အာမို(ပုလဲ)၊ ပိုးသတ်ဆေး၊ သဘာဝမြေဩဇာ (ဂျစ်ဆန်) စသည့် သွင်းအားစုများကိုလည်းကောင်း ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm