Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နတ်မောက်မြို့နယ် နဘဲတန်းကျေးရွာ၌ ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


15 Oct,2024

နတ်မောက် အောက်တိုဘာ ၁၄

            မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နဘဲတန်းကျေးရွာ၌ ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ) ဒေါ်ရွှေစင်ဝင်းသူနှင့် တာဝန်ရှိသူများက နဘဲတန်းကျေးရွာ၌ ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ) ဒေါ်ရွှေစင်ဝင်းသူက ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားသည်။

            အဆိုပါ နဘဲတန်းကျေးရွာ အရှည်ပေ ၈၀၊ အကျယ် ၁၈ ပေ၊ အမြင့် ခြောက်ပေရှိ ကွန်ကရစ်ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၅၀ ဒသမ ၈၀၄ သန်းဖြင့် တင်ဒါအောင်မြင်သည့် ငွေယွန်းစံကုမ္ပဏီက ဇူလိုင်လ တတိယပတ်မှ စတင်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများပြီးစီးပါက လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေမည်ဖြစ်ကြောင်း သိရသည်။

သူသူငြိမ်း


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm