ဖာပွန် အောက်တိုဘာ ၂၁
ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရန်ရည်ရွယ်၍ ဖာပွန်မြို့နယ်၊ ကမမောင်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းကတာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဖာပွန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးခင်မာင်ဝင်း၊ မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုနှင့်တာဝန်ရှိသူများက ကမမောင်းကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ လက်တူးတွင်းတူးဖော်ခြင်းနှင့် ရေစင်တည်ေဆာက်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးခင်မာင်ဝင်းက လုပ်ငန်းများအားလုံး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။
ဖာပွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာနှစ်တွင် ကမမာင်းကျေးရွာ၌ ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၃၄ ဒသမ ၉၄ သန်းဖြင့် အကျယ် ၆ ပေ၊ အနက်ပေ ၄၀ လက်တူးတွင်းတူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ဆံ့ စင်မြင့်ရေစင်နှင့် ရေစက်ရုံအောက်ခန်းဖွဲ့ခြင်း၊ ၂လက်မ PVC ပိုက် ၂၀၀၀ ပေသွယ်တန်း ခြင်း လုပ်ငန်းများကို ဌာနကော်မတီမှ ဇွန်လ ပထမပတ်က စတင်တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၉၇ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်သဖြင့် အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကမမောင်းကျေးရွာရှိ အိမ်ခြေ ၅၂၈ အိမ်မှ လူဦးရေ ၂၉၂၆ဦးအတွက် သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိတော့မည်ဖြစ်ကြောင်း ဖာပွန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။