Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးမြို့ ငွေကြေးသမဝါယမအသင်းစုလီမိတက် ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ


21 Oct,2024

ပဲခူး အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ငွေကြေးသမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃ -၂ဝ၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၅ ရက်က တိုင်းဒေသကြီးသမဝါယမအသင်း စုချုပ်လီမိတက် ရှင်စောပုခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွဋ်က ဆောင်ရွက်ပြီး အသင်း၏ ဘဏ္ဍာရေးနှစ်ချုပ် စာရင်းနှင့် နှစ်ချုပ်အစီရင်ခံစာကို အသင်းစာရင်းစစ် ဒေါ်ထားရီက ဖတ်ကြား၍ အုပ်ချုပ်မှု ဒါရိုက်တာဒေါ်သက်သက်ဝေက ဘဏ္ဍာရေးရှင်းတမ်းအား ဖတ်ကြားခဲ့သည်။ ဆက်လက်၍ အသင်းအမှုဆောင်သစ်ရွေးချယ်ရေးတင်မြှောက်ရာတွင် တိုင်းဒေသကြီးဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က ဆောင်ရွက်ပြီး အမှုဆောင်သစ်များအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန် အမှာစကား ပြောကြားကာ အခမ်းအနားမှူးအဖြစ် ဦးစီးအရာရှိ ဒေါ်နီနီအောင်က ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အသင်းဝင်/အသင်းသားများ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက အသင်းဝင်/အသင်းသားများအား အစုပေါ်အမြတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm