ရေနံချောင်း အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ရေနံချောင်းမြို့နယ် အလယ်ကန်-ဖောင်းကွဲ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အောက်တိုဘာလ ၁၃ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းပုလဲထွေးနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ရေနံချောင်းမြို့နယ် အလယ်ကန်-ဖောင်းကွဲ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းပုလဲထွေးက လိုအပ်သည်များ မှာကြားသည်။
အဆိုပါ အလယ်ကန်-ဖောင်းကွဲ ကျေးရွာချင်းဆက်လမ်း အရှည်ပေ ၂၆၄၀ လမ်းအကျယ် ၁၈ ပေ အမြင့် ၈ လက်မ မြေနီခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၁ ဒသမ ၅ သန်းဖြင့် ဆန်းသစ်အောင်လှိုင်ကုမ္ပဏီက ဇွန်လ တတိယပတ်မှစ၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းဖောက်လုပ်နိုင်မှုကြောင့် အလယ်ကန်ကျေးရွာနှင့် ဖောင်းကွဲကျေးရွာတို့ရှိ အိမ်ခြေ ၂၂၀၊ လူဦးရေ ၁၀၈၃ ဦးတို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းပုလဲထွေးထံမှ သိရသည်။
နီလာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။