Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရွှေမဟာဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းစုမှ ဖွင့်လှစ်မည့် အိန္ဒိယစားသောက်ဆိုင်နှင့် ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲအခမ်းအနားနှင့် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်


13 Oct,2024

နေပြည်တော် အောက်တိုဘာ ၁၃

          ရွှေမဟာဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းစုတို့မှ ဖွင့်လှစ်မည့် အိန္ဒိယစားသောက်ဆိုင်နှင့် ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲအခမ်းအနားနှင့် စီမံကိန်း ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်  သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သန်လျင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ နှင့် ကျောင်းသူ၊ ကျောင်းသားများကို အကျိုးပြုနိုင်မည့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်ဘဏ္ဍာ ရရှိစေရေးတို့အတွက် ရည်ရွယ်၍ ငှားရမ်းခဲ့သည့် တက္ကသိုလ်ပိုင်မြေ နှစ်ဧကပေါ် တွင် ရွှေမဟာဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းစုမှ ဖွင့်လှစ် ရောင်းချမည့် ရွှေမဟာ-Boss အိန္ဒိယစားသောက်ဆိုင်နှင့် ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲအခမ်း အနားကို တက်ရောက်ကြည့်ရှုအားပေးရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် ရွှေမဟာဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးနိုင်ဝင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖွင့်လှစ်ရောင်းချမည့် အိန္ဒိယ စားသောက်ဆိုင်နှင့် ဖူဆယ်ဘောလုံးကွင်းတို့အား လှည့်လည်ကြည့်ရှု အားပေးကြပါသည်။

          ထို့နောက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ်မှ တက္ကသိုလ် နှင့်ပတ်သက်၍ လိုအပ်ချက်များအား တင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီးက ကျောင်သား ကျောင်းသူများ ပျော်ရွှင်အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေး လိုအပ်သော အိပ်ဆောင်များ၊ စာသင် ဆောင်များ၊ အားကစားပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများအား နှစ်အလိုက်လျာထားပြုပြင် ဆောင်ရွက်နိုင်ရေး စီမံချက်ဖြင့်ဆောင်ရွက်သွားရန်၊ သင်ကြားရေးအတွက် ဆရာ၊ ဆရာမ အင်အား လုံလောက်အောင်ဖြည့်ဆည်းနိုင်ရေး အရည်အသွေးမြင့်မားအောင် လေ့ကျင့်သင်ကြားပေးနိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည့်  သန်လျင်ခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ် တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးရွာများအတွက် ကျေးရွာ ကော်မတီဝင်များထံသို့ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်ကြ ပါသည်။

          အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်ရှိ သမဝါယမ ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးများက တိုင်းဒေသကြီးအတွင်း ဦးစီးဌာနအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ် များ အနေဖြင့် မိမိဌာန၏ လုပ်ငန်းတာဝန်များကို စေတနာထားဆောင်ရွက်ကြရန်၊ ကျေးရွာများ၏ လိုအပ်ချက်များကို ကွင်းဆင်းသွားရောက်သည့်အခါတိုင်း မေးမြန်းဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များကို သေချာစွာသိရှိပြီး ယခင်ကထက် လုပ်ငန်းများ ပိုမိုအောင်မြင်စေရေး ဌာနအချင်းချင်း အချိတ်အဆက်မိမိဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးရွာတောင်သူများ၏ ဝင်ငွေများတိုးပွားလာစေရေးနှင့် လူမှုစီးပွားဘဝမြင့်မားလာစေရေး  အထူးအလေးထား ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျေးရွာတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးအတွက် သွင်းအားစုများကို ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယူရီးယားဝယ်ယူဖြန့်ဖြူးရေး ဦးဆောင်ကော်မတီမှ သတ်မှတ် ဈေးနှုန်းများ မှန်ကန်ရေးကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတ်မှတ်ဈေးနှုန်းများ မှန်မှန် ကန်ကန်ဖြစ်အောင် တိုင်းဒေသကြီးမှ တာဝန်ရှိသူများမှလည်း ပုံမှန်စစ်ဆေးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ တောင်သူများ လိုအပ်သော နည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့်လည်း လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် သီးနှံများအထွက်တိုးရေး မျိုးကောင်းမျိုးသန့်များကို အသုံးပြုကြရန်လိုအပ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက်လည်း မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) ရန်ပုံငွေများမှ လိုအပ် သော အရင်းအနှီးများရရှိရေး ဆောင်ရွက်ပေးလျက်ရှိပေါကြောင်း၊ ဈေးကွက်ရရှိအောင် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ မွေးမြူထားသော တိရစ္ဆာန်များ ရောဂါကင်းရှင်းရေးအတွက် လိုအပ်သည့် ကာကွယ်ရေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေး အတွက် ကျေးရွာချင်းဆက်လမ်းတံတားများ၊ ကျေးရွာကုန်ထုတ်လမ်းတံတားများ၊ ကျေးရွာတွင်း လမ်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာနေပြည်သူများမှလည်း တက်တက်ကြွကြွ  ပူးပေါင်းဆောင်ဆောင်ရွက်ကြရန်နှင့် ရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးသယံဇာရေးရာဝန်ကြီးတို့က သန်လျင်ခရိုင် အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ မြို့နယ် လေးမြို့နယ်တို့မှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာသုံးရွာအတွက် ငွေကျပ် သိန်း(၉၀၀)၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မာရေးရန်ပုံငွေ ထူထောင်ခြင်းစီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၃)ရွာအတွက် ငွေကျပ်သိန်း(၉၆၀)၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဆောင်ရွက်မည့် ကျေးရွာ(၂၀)အတွက် ငွေကျပ် သိန်း(၃၀၀၀) စုစုပေါင်း ကျေးရွာ(၂၆)ရွာအတွက် စီမံကိန်းရန်ပုံငွေကျပ်သိန်း ၄၈၆၀ သိန်းအား သက်ဆိုင်ရာ ကျေးရွာကော်မဝင်များထံ အသီသီးလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm