Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးအဆက်မပြတ်ရွာသွန်း၍ ချောင်းရေတိုက်စားပျက်စီးသွားသော ကျေးရွာချင်းဆက်တံတား ပြန်လည်ပြုပြင်နိုင်ရေး ကွင်းဆင်းတိုင်းတာ


15 Oct,2024

တောင်တွင်းကြီး အောက်တိုဘာ ၁၄

           မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်း၍ ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာချင်းဆက်တံတားကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေး ယမန်နေ့က ကွင်းဆင်းကြည့်ရှု တိုင်းတာသည်။

        ထိုသို့ ဆောင်ရွက်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်မင်း၊ မကွေးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေအောင်ဆန်းနှင့် တာဝန်ရှိသူများက မိုးအဆက်မပြတ်ရွာသွန်း၍ ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော တောင်တွင်းကြီး - မကွေးကားလမ်းမှ မြင်းစုလမ်းပေါ်ရှိ အရှည်ပေ ၂၅၀ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ထားသော သံကူကွန်ကရစ်တံတားနေရာတွင် ရေငုပ်တံတားအမျိုးအစား ၄၀၀ ပေ (၁) စင်း တည်ဆောက်မည့်နေရာ ကွင်းဆင်းကြည့်ရှုပြီး အင်ဂျင်နီယာချုပ်က အသစ်တည်ဆောက်မည့် တံတားတည်နေရာ ရွေးချယ်သတ်မှတ်ပေးကာ တံတားတည်ဆောက်ရေးအဖွဲ့က တိုင်းတာခြင်းများဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ထွေးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm