Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့တွင် ရုရှားသဘာဝရွက်ဖြန်းမြေဩဇာ အသုံးပြုမှုသရုပ်ပြပွဲနှင့် နေကြာမျိုးစေ့များ ပေးအပ်ပွဲကျင်းပ


15 Oct,2024

မကွေး အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး)တွင် ရုရှားသဘာဝရွက်ဖြန်းမြေဩဇာသရုပ်ပြပွဲနှင့် နေကြာမျိုးစေ့များပေးအပ်ပွဲအခမ်း အနားကို အောက်တိုဘာ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး RUMA ORGANIC ရွက်ဖြန်း သဘာဝမြေဩဇာကုမ္ပဏီမှ တာဝန်ရှိသူများက ရုရှားသဘာဝရွက်ဖြန်းမြေဩဇာအသုံးပြုမှုကို လက်တွေ့သရုပ်ပြရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌက နေကြာစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့် မြို့နယ်များသို့ နေကြာမျိုးစေ့များအားအသီးသီးပေးအပ်ခဲ့ပြီး အဆိုပါအခမ်းအနား သို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ RUMA ကုမ္ပဏီမှတာဝန်ရှိသူများ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမဦးစီးအရာရှိများ၊ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌများ၊ အခြေခံသမဝါယမအသင်းအမှုဆောင်များ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်