Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရပ်စောက်၌ မြို့နယ်သမဝါယမအသင်းစုလီမိတက်ပံ့ပိုးငွေဖြင့် အသင်းသားတောင်သူများအတွက် သွင်းအားစုများထောက်ပံ့ပေးအပ်


15 Oct,2024

ရပ်စောက်  အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက် ပံ့ပိုး ငွေဖြင့် ဆောင်းသီးနှံ နေကြာစိုက်ပျိုးသော အသင်းသားတောင်သူများအတွက် နေကြာမျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးအပ်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁၀ ရက်က မြို့နယ်သမဝါယမ ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုတို့မှ မိုးမခ၊ တပ်ကြီးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ နေကြာစိုက်ပျိုးသော အသင်းသားများသို့ မြို့နယ် သမဝါယမအသင်းစု ပံ့ပိုးငွေဖြင့်(၂၀၀.၆၇)ဧကအတွက် (၁) ဧကလျှင်ကျပ် (၃) သိန်းနှုန်းဖြင့် (၆၀၂) သိန်းနှင့်ညီမျှသောသွင်းအားစုများ၊ မြို့နယ်သမဝါယမအသင်းစုမှထုတ်လုပ်သော စွမ်းထက် သဘာဝမြေဩဇာများနှင့် နေကြာမျိုးများကို မြို့နယ်သမဝါယမဦးစီးအရာရှိဒေါ်ဇင်မာဝင့်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်သန်းတို့က နေကြာသီးနှံစိုက်ပျိုးရာ၌ တောင်သူများ သွင်းအားစု အခက်အခဲမရှိစေရေး နေကြာတစ်ဧကတွင် ငွေကျပ်(၃)သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထွက်ရှိလာသည့် နေကြာများရောင်းချရာ၌ လည်း သတ်မှတ်ကာလပေါက်ဈေးဖြင့် ဈေးကောင်းရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm