အောင်လံမြို့နယ် မိုးကောင်းကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုအား စစ်ဆေး
အောင်လံ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုးကောင်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေများကို ယနေ့ နံနက် ၈နာရီက တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီနှင့် တာဝန်ရှိသူများက အောင်လံမြို့နယ် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ပြီးလမ်း၊ တံတားလုပ်ငန်းများကို ရေရှည်ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်း သွားကြရန် ဆွေးနွေးမှာကြားပါသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းအရှည် ၅ ဖာလုံ လမ်းအကျယ် ၁၂ပေ နှစ်ပေကိုးလက်မထု မြေနီကျောက်စရစ်ခင်း ခြင်းလုပ်ငန်းနှင့် Slab Culvert နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၅၆ဒသမ၂၈သန်းဖြင့် တိုင်းဒေသကြီးကျေးလက်ဦးစီးဌာန၏အင်ဂျင်နီယာစုဖွဲ့မှုဖြင့် မေလ ပထမအပတ်မှ စတင်ကာ လုပ်ငန်းများဆောင်ရွက် ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အောင်လံမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီထံမှ သိရသည်။
အဆိုပါ ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ရာ မိုးကောင်းကျေးရွာ တောင်သူများ၏ လယ်ဧက ၃၀၀အတွက် သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းတွင် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေပြီး ဈေးကွက်သို့ အချိန်နှင့်တပြေးညီပို့ဆောင်နိုင်ပြီး မိသားစုဝင်ငွေကောင်းမွန်လာကာ ပညာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများ၊ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။