Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ဦးမြို့နယ် အင်တိုင်းကျေးရွာ၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း စစ်ဆေး


10 Oct,2024

ညောင်ဦး အောက်တိုဘာ ၉

            မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ အင်တိုင်းကျေးရွာ၌ ကျေးရွာအဝင်လမ်း ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအေးလွင်နှင့် တာဝန်ရှိသူများက ညောင်ဦးမြို့နယ် အင်တိုင်းကျေးရွာ၌ ကျေးရွာအဝင်လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို စစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအေးလွင်က  လမ်းကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

            အင်တိုင်းကျေးရွာ၌ အရှည် နှစ်ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ငါးလက်မရှိ ကျေးရွာအဝင်လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ညောင်ဦးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၈၈ ဒသမ ၄၁၁ သန်းအသုံးပြု၍ ၂၀၂၄ ခုနှစ် ဇွန်လ ပထမပတ်က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ အင်တိုင်းကျေးရွာနေ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး သွားလာအသုံးပြုလျက်ရှိ ကြောင်း သိရသည်။

မင်းမြင့်မိုရ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm