Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


11 Oct,2024

နေပြည်တော် အောက်တိုဘာ ၁၁

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင် မြင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာသို့ ရောက်ရှိပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ Green House စနစ်ဖြင့် စိုက်ပျိုးထားသည့် ဟော်လန်ဆလပ် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှု အခြေအနေများ ကိုကြည့်ရှုစစ်ဆေးရာ  ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဦးစီးမှူးက ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့်အခြေအနေများ၊ အစုအဖွဲ့များ ဖွဲ့စည်း၍ Green House စနစ်ဖြင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးနေမှု အခြေအနေများ၊ အကျိုးအမြတ်ရရှိနိုင်မည့် အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက Green House စနစ်ဖြင့် ဟင်းသီးဟင်းရွက်များ စမ်းသပ်စိုက်ပျိုးရာတွင် ပညာရှင်များအကြုံပြုချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်၍ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ၊ အကျိုးအမြတ် ရရှိများကို စနစ်တကျ မှတ်တမ်းတင်ထားရှိရမှာဖြစ်ကြောင်း၊ အကျိုးအမြတ် အများဆုံး ရရှိသည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးသွားရန်နှင့် ရာသီအလိုက်စိုက်ပျိုးသင့်သည့် သီးနှံများ စိုက်ပျိုးသွားရန်လိုအပ်ကြောင်း၊ Green House အသုံးပြု စိုက်ပျိုးနိုင်သည့် ဒေသများတွင် ဆောင်ရွက်သင့်သည့် အစုအဖွဲ့ Model များ ဖော်ထုတ်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ရေး စည်းရုံး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ပဲခူးမြို့နယ်၊ မယင်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ပဲခူးမြို့နယ်အတွင်းရှိ ဆီထွက် သီးနှံနေကြာစိုက်တောင်သူများ တွေ့ဆုံရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန  ဦးစီးမှူးက ပဲခူး တိုင်းဒေသကြီးအတွင်း သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံ နေကြာတိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့် သမဝါယမ အသင်းများမှ လျာထားစိုက်ဧက ပြည့်မီအောင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မျိုးနှင့် သွင်းအားစုရရှိရေးဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်း တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော်ဝန်ကြီးချုပ်မှ မူဝါဒလမ်းညွှန် ထားပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကဏ္ဍ အနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစု ဓာတ်မြေဩဇာများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ တာဝန်ရှိသူများကလည်း မျိုးကောင်းမျိုးသန့်၊ သွင်းအားစု ဓာတ်မြေဩဇာများကို အရည်အသွေးမှန်ကန်ပြီး ဈေးနှုန်းသက်သာ စွာဖြင့် တောင်သူများ လက်ဝယ်အချိန်မီ ရောက်ရှိရေး စီမံဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ထွက်ရှိလာသော သီးနှံများကိုလည်း ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဒါ့အပြင် သမဝါယမချေးငွေများ၊ မြစိမ်းရောင် (နေကြာဆီထွက်သီးနှံ) စီမံကိန်းမှ ချေးငွေများဖြင့် ပံ့ပိုး ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းအောင်မြင်စေရေး သက်ဆိုင်ရာ ဌာနဝန်ထမ်များမှ တောင်သူများ နားလည်အောင် စည်းရုံးဆွေးနွေးရမှာဖြစ်ကြောင်း၊ လိုအပ်သော နည်းပညာနှင့် ဝန်ဆောင်မှုများကို ဌာနများမှ ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ကျေးရွာတောင်သူ များအနေဖြင့်လည်း စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားပြီး ဒေသခံတောင်သူ များ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည် များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပဲခူးခရိုင်အတွင်းရှိ နေကြာစိုက်သမဝါယမအသင်း (၁၀)သင်း၊ အသင်းသားတောင်သူ (၉၀)ဦးတို့၏ စိုက်ပျိုးမြေဧက (၃၂၀)အတွက် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များ၊ သွင်းအားစုဓါတ်မြေဩဇာများ၊ ရုရှားသဘာဝ ရွက်ဖြန်းဆေးရည်များအား အသင်းသား တောင်သူများထံသို့ ပေးအပ်ကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ပဲခူးမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ပြီး  ကျေးရွာသုံးရွာ၊ အိမ်ခြေ ၁၀၉၆ အိမ်၊ လူဦးရေ ၇၈၀၀ ကျော်တို့ကို အကျိုးပြုပေးနိုင်မည့် ကလိ-တပ်ကလေး-မြောက်စု ဆက်သွယ်သောလမ်းအား ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ အားလည်း ကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တပ်ကလေးမြောက်စုကျေးရွာ၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာ ထည့်ဝင်ငွေ ကျပ်သိန်း ၇၀ ကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်  ကျေးရွာ တွင်းလမ်း အရှည်ပေ ၇၄၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ များအား လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ကျေးရွာလမ်း ကော်မတီဝင်များ၊ ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေ ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပြီးနောက် တပ်ကလေးမြောက်စုကျေးရွာ၌ ရေကြီးနစ်မြုပ်ခဲ့သည့် စက်ရေတွင်းများအား တွင်းဆေးတွင်းမှုတ် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm