Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ငူမြို့၌ ၂၀၂၄ ခုနှစ် ဆောင်းဆီထွက်သီးနှံ (နေကြာ) အထွက်နှုန်းတိုးတက်စေရေး ပညာပေးရက်တိုသင်တန်း ဖွင့်လှစ်


11 Oct,2024

တောင်ငူ အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ဆောင်းဆီထွက်သီးနှံ(နေကြာ)အထွက်နှုန်း တိုးတက်စေရေးပညာပေးရက်တိုသင်တန်းကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ဖွင့်လှစ် ကျင်းပသည်။

ရှေးဦးစွာ သင်တန်းဖွင့်အခမ်းအနားတွင် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မင်းလှိုင်နှင့် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောဇော်ဇော်ဂျိန်းတို့က နေကြာသီးနှံအထွက်တိုးရေးဆွေးနွေးပို့ချကြရာ တက်ရောက်လာကြသော နေကြာသီးနှံစိုက်ပျိုးသည့်တောင်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြပြီး၊ မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းနိုင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။

အဆိုပါ ပညာပေးရက်တိုသင်တန်းသို့ တောင်ငူခရိုင်အတွင်းရှိ တောင်ငူမြို့နယ်၊ အုတ်တွင်း မြို့နယ်၊ ဖြူးမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့မှ တောင်သူစုစုပေါင်း (၅၄) ဦးတက်ရောက်ခဲ့ကြပြီး၊ တောင်ငူခရိုင်အနေဖြင့် ၂၀၂၄ ခုနှစ်၌ ဆောင်းဆီထွက်သီးနှံ (နေကြာ) ဧကပေါင်း (၁၀၅၀) ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm