Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မျိုးစေ့ထုတ်သမဝါယမအသင်းများ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


11 Oct,2024

နေပြည်တော် အောက်တိုဘာ  ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနနှင့် TBL ကုမ္ပဏီလီမိတက် တို့ ပူးပေါင်း၍ သမဝါယမအသင်းနှင့် အသင်းသားတောင်သူများ၏ လယ်ယာမြေများတွင် အထွက်တိုး သီးနှံမျိုးကောင်းမျိုးသန့် မျိုးစေ့များအား ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး၊ မျိုးစေ့ထုတ် သမဝါယမအသင်းများ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်း အဝေးသို့ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့်တာဝန်ရှိသူများ၊ TBL ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ လယ်ဝေး၊ ပုဗ္ဗသီရိမြို့နယ်များနှင့် မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့နယ်များမှ သမဝါယမအသင်းသားတောင်သူ (၆၃) ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သီးနှံအမျိုး အစားအလိုက် အထွက်တိုးမျိုးများကို မိမိတို့နိုင်ငံတွင်းမှာပင် ထုတ်လုပ်ရန်လိုကြောင်း၊ ယခုအချိန်တွင် အခြားနိုင်ငံမှ တင်သွင်းအသုံးပြုနေရကြောင်း၊ ပြည်တွင်းမှာပင် ကိုယ်တိုင်ထုတ်လုပ်အသုံးပြုခြင်းဖြင့် အခြားနိုင်ငံများမှ နိုင်ငံခြားငွေဖြင့် ဝယ်ယူ၍ တင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နေကြာ၊ နှမ်း၊ ဝါ၊ မတ်ပဲ၊ ပဲတီစိမ်း အထွက်တိုးမျိုး မျိုးစေ့များကို ထုတ်လုပ်နိုင်ရေးအတွက် မျိုးစေ့ထုတ် သမဝါယမအသင်းများ ဖွဲ့စည်း၍ ဆောင်ရွက်ရန်အတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါ ကြောင်း၊ အသင်းများဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် မျိုးစေ့ထုတ်လုပ်ငန်းတွင် လိုအပ်သည့် ငွေကြေး၊ အရင်းအနှီး၊ လုပ်အားတို့ကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သမဝါယမအနေဖြင့် သီးနှံပေါ်ပေးစနစ်ဖြင့် လိုအပ်သည့် သွင်းအားစုများကို ပံ့ပိုးထောက်ပံ့နိုင်မည်ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုး ထုတ်လုပ်သည့်အချိန်တွင် လိုအပ်သော ရေ ရရှိရေးအတွက် ဆိုလာစနစ်ဖြင့် အသုံးပြုနိုင်ရေးကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ အထွက်တိုးမျိုးထုတ်လုပ်သောသမဝါယမအသင်းနှင့် အသင်းသား တောင်သူများမှာလည်း ဝင်ငွေပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထိုအထွက်တိုးမျိုးများကို ဝယ်ယူ စိုက်ပျိုးသည့် အခြားတောင်သူများအနေဖြင့်လည်း သီးနှံများအထွက်တိုးလာမည်မှာ မုချပင်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ TBL ကုမ္ပဏီလီမိတက်မှ ဥက္ကဋ္ဌ Mr. Murarka က ဆိုလာစနစ်ဖြင့် သီးနှံစွမ်းအား တိုးမြှင့်နိုင်ရေးနှင့် တစ်နှစ်လျှင် သုံးသီးနှုန်းဖြင့် အထွက်တိုးမျိုးများကို ပြည်တွင်းတွင် တောင်သူများ အသုံးပြုနိုင်အောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများကိုလည်း  မျိုးစေ့ထုတ်သမဝါယမအသင်းများ ဆောင်ရွက်သည့်နေရာတိုင်းတွင် ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အထွက်တိုးမျိုးစိုက်ပျိုးသည့် မျိုးစေ့ထုတ်သမဝါယမအသင်းများမှ ထွက်ရှိလာသော မျိုးစေ့များကိုလည်း ကာလပေါက်ဈေးအတိုင်း TBL ကုမ္ပဏီလီမိတက်မှ ပြန်လည်ဝယ်ယူပေးသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပါသည်။

 ထို့နောက် တက်ရောက်လာကြသော ပျော်ဘွယ်မြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့ရှိ တောင်သူ များက အထွက်တိုးမျိုးစေ့များ ထုတ်လုပ်ခြင်းကို မိမိတို့ကျေးရွာအလိုက် သမဝါယမအသင်းများ ဖွဲ့စည်းပြီး ငွေအား၊ လုပ်အား ပူးပေါင်း၍ အထွက်တိုးမျိုးစေ့ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ မျိုးစေ့ထုတ်လုပ်ရောင်းချဆောင်ရွက်ခြင်းဖြင့် မျိုးစေ့ထုတ် သမဝါယမအသင်းနှင့် အသင်းသားများအတွက်  ပိုမိုဝင်ငွေရရှိသလို မိမိတို့၏ အထွက်တိုးမျိုးစေ့များကို ဝယ်ယူစိုက်ပျိုးသည့်တောင်သူများအတွက်လည်း အထွက်တိုးစေရေး မိမိတို့အသင်းအဖွဲ့အနေဖြင့် ပေါင်းစပ်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် TBL ကုမ္ပဏီလီမိတက်နှင့်ပူးပေါင်း၍ နည်းပညာ များရယူပြီး အထွက်တိုးသီးနှံများအား စမ်းသပ်စိုက်ပျိုးနေသည်မှာလည်း (၃) နှစ်ဝန်းကျင် ခန့်ရှိနေပြီဖြစ်ကြောင်း၊ စိုက်ပျိုးရေးနည်းစနစ်များအတွက် ထိုက်သင့်သောအတွေ့အကြုံများ ရရှိနေပြီ ဖြစ်သည့်အတွက် မျိုးစေ့ထုတ်သမဝါယမအသင်းများဖွဲ့စည်းကာ ပိုမို၍ ထိရောက်စွာ လုပ်ဆောင်သွား ကြမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm