Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးတိုင်းဒေသကြီး၌ ဝင်ငွေတိုးစီမံကိန်းဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသားများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်


09 Oct,2024

မကွေး၊ အောက်တိုဘာ ၈

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် မကွေးတိုင်းဒေသကြီးအတွင်း အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာများအနက် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ခဲ့သည့် ကျေးရွာ(၂)ရွာ၊ စက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်ခဲ့သည့် ကျေးရွာ(၁)ရွာ၊ အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ခဲ့သည့် ကျေးရွာ (၁)ရွာနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ခဲ့သည့် ကျေးရွာ(၁)ရွာအတွက် လုပ်ငန်းသုံး ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ပါ သည်။

          အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဝင်များနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

        ရှေးဦးစွာ  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်  နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မိသားစု တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမောင်းနှင်အားဖြစ်သော MSMEs လုပ်ငန်းများလည်း ပေါ်ထွန်း လာမည်ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားသည် မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်း(၅)ခုမှ သင်တန်းသား/သူ (၂၅)ဦးကို လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းဖြစ်ပြီး ပေးအပ် ထားသည့် လုပ်ငန်းသုံးပစ္စည်းများကို အကျိုးရှိရှိအသုံးချပြီး မိမိဒေသအတွင်းရှိ ပြည်သူများ ဝင်ငွေတိုး ပွားပြီး လူနေမှုအဆင့်အတန်း မြင့်မားအောင် ကြိုးစားဆောင်ရွက်ကြရင်း ကျေးရွာ၊ ဒေသဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက စီမံကိန်းလုပ်ငန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် များနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

        ဆက်လက်၍ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ကြရာ စီမံကိန်းအကောင်အထည်ဖော်ဆောင် ရွက်ခဲ့သည့် ကျေးရွာ(၅)ရွာမှ သင်တန်းတစ်ခုချင်းစီအလိုက် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန် သင်တန်းသားများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်ကလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံ ဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က လည်းကောင်း လုပ်ငန်းသုံးပစ္စည်းများအား အသီးသီးပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

            အဆိုပါ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ်၊ ကံသာကြီးကျေးရွာနှင့် ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာတို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ချောက်မြို့နယ်၊ သွေးနက်ကျေးရွာတွင် စက်ချုပ်နည်းပညာသင်တန်း၊ မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေး ရွာတွင် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းနှင့် မကွေးမြို့နယ်၊ ညောင်ပင် ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း စုစုပေါင်း သင်တန်း(၅)ခုမှ သင်တန်းတစ်ခု လျှင် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်၍ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၂၅)ဦးတို့အား လုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm