Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ်၌ တိုက်စားပျက်စီးခဲ့သည့် ကသဲကုန်း-ကျွန်းလှလမ်း ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


07 Oct,2024

မြစ်သား အောက်တိုဘာ ၅

            မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ပန်းလောင်မြစ်ရေ ဝင်ရောက်မှုကြောင့် ပျက်စီးသွားသည့် ကသဲကုန်း - ကျွန်းလှလမ်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြုပြင်ဆောင်ရွက် ပေးလျက်ရှိသည်။

          အဆိုပါ ပြုပြင်ဆောင်ရွက်ရာသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးနှင့် တာဝန်ရှိသူများ၊ ကျောက်ဆည်ခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ -၁ နှင့် ဝန်ထမ်းများက ကွင်းဆင်း စစ်ဆေးသည်။

            ကသဲကုန်း- ကျွန်းလှလမ်းရှိ လက်ရှိပြုပြင် ဆောင်ရွက်နေသည့် လမ်းအရှည်ပေ ၂၀၀ ရှိပြီး ဂျင်းကျောက်လမ်းအဖြစ် ခင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm