မိတ္ထီလာ အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၆၉ ဒသမ၂၆၀ သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း အရှည် ၀/၄ မိုင် အကျယ် ၁၂ ပေ ထု ၁၅ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန် ယူ၍ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကတ္တရာ ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
အဆိုပါ မြို့ရှောင်လမ်းမှ ပျော်ကုန်း– အုတ်ဖိုလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ မုန်ပင်ဆည်၊ ပျော်ကုန်း၊ အုတ်ဖို၊ ကန်တောင်၊ ထနောင်းတောကျေးရွာတို့မှ ဒေသခံပြည်သူများ ရာသီမရွေးအဆင်ပြေ ချောမွေ့စွာသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
(၆၀၂)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။