ပြင်ဦးလွင်၊ အောက်တိုဘာ ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ကြီးကိုင် ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လျှပ်စစ်သံဂဟေဆက်နည်းပညာ သင်တန်း ဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များနှင့် သင်တန်းသားများတက်ရောက်ကြပါသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ယခုလို နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မိသားစုတစ်နိုင်တစ်ပိုင် အသေးစား စီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် အဓိက မောင်းနှင်အားဖြစ်သော MSMEs လုပ်ငန်းများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျပြီး အရေးပါသော လုပ်ငန်းများဖြစ်သည့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်းပေါများစွာထွက်ရှိသည့် ကုန်ကြမ်းများအား အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ မိသားစု တစ်နိုင်တစ်ပိုင် လုပ်ငန်းများမှ တစ်ဆင့် အငယ်စားနှင့်အလတ်စားလုပ်ငန်းများသို့ ချဲ့ထွင်နိုင်ပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချလာနိုင်မည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာရပ်များ အပေါ်အခြေခံ၍ စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး မိမိတို့၏ ထုတ်ကုန်များ အရည်အသွေး မြင့်မား အောင် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ကြရာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လျှပ်စစ်သံဂဟေဆက်လုပ်ငန်းထူထောင်မည့် သင်တန်းသားများအား ဝရိန်စက်နှင့် ဆက်စပ်ပစ္စည်း များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ထူးချွန်ဆုများကိုလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းသား များအား သင်တန်းဆင်းဂုဏ်ပြုလက်များကို လည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။