Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျုံပျော်မြို့နယ်၌ မိုးစပါးစိုက်ပျိုးမည့်သမဝါယမတောင်သူများအား သွင်းအားစုများ ပံ့ပိုး


08 Oct,2024

ကျုံပျော် အောက်တိုဘာ ၈

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေး စီမံကိန်းဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မလှပန်းကျေးရွာအုပ်စု၊ မိုးကြိုးပစ်ကျေးရွာ၊ မိုးပုလဲစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသား ၃၀ ဦး၏ စိုက်ဧက ၉၀ အတွက်  ပံ့ပိုးငွေကျပ် ၁၈ သန်းနှင့်ညီမျှသည့် သွင်းအားစုများ (ပုလဲ)၊ (အာမို) အိတ်(၉၀)နှင့် မြင်းပျံ(ကွန်ပေါင်း) အိတ် ၉၀ တို့အားပံ့ပိုးပေးခဲ့သည်။

အဆိုပါ သမဝါယမအသင်းသားတောင်သူများ၏ လယ်မြေများတွင် မှော်ဘီ(၃)စပါးများ စိုက်ပျိုးထားရှိပြီး မိုးစပါးစိုက်ပျိုးရာသီတွင် သွင်းအားစုများအချိန်မီပံ့ပိုးပေးသဖြင့် မိုးစပါးများ အထွက်နှုန်း ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်