Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပျဉ်းမနားမြို့နယ် ပေါစံခေါရေဘေးသင့်ကျေးရွာ လမ်း/ တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


03 Oct,2024

နေပြည်တော် အောက်တိုဘာ ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက ဝန်ကြီးရုံးအတွင်းရှိ စိုက်ပျိုးမြေ (၂.၈) ဧက၌ GW-11 မျိုး မိုးစပါးစမ်းသပ်စိုက်ကွက်များ ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါစမ်းသပ်စိုက်ကွက်များတွင် လာမည့်ဆောင်းရာသီ၌ ရက် (၉၀) အိန္ဒိယနေကြာမျိုး ဆာရာကီရမ် (Suryakiran) ၁.၁ ဧကကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်၊ ဝဲကြီး၊ ကွေ့ကြီး ကျေးရွာ များ၌ ဖြစ်ထွန်းအောင်မြင်နေသော မျိုးများဖြင့် ဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် ၁.၇ ဧကကိုလည်းကောင်း ထပ်မံစိုက်ပျိုးပြီး ဝန်ထမ်းသက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်၊ နတ်သရဲကျေး ရွာအုပ်စုသို့ သွားရောက်ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော နတ်သရဲ- ပေါစံခေါ-သစ်ဆိမ့်ပင် ကျေးရွာချင်းဆက်လမ်းပိုင်း ပေ (၇၀၀) ပြန်လည်ပြုပြင်ပေးရမည့် အခြေအနေနှင့် လမ်းပခုံး ကပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပေါစံခေါကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ရွေ့လျားရေသန့်စင်စက်ယာဉ်ဖြင့် ကျေးရွာသောက်သုံးရေ ဖြန့်ဝေပေးနေမှု ကိုလည်းကောင်း၊ ပုဂ္ဂလိကတွင်းတိမ်များ တွင်းဆေးတွင်းမှုလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်း ကောင်း၊ ကျေးရွာအတွက် ဆောင်ရွက်ပေးထားသော အိမ်သွယ်ရေတိုင်စနစ်မှ ရေတိုက်စားမှုကြောင့် မြေပေါ်လာသော ရေပိုက်များ ပြန်လည်မြှုပ်နှံပေးနိုင်ရေး ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ပြီး ကျေးရွာလူထုနှင့်တွေ့ဆုံ၍ ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများ နေရာတွင် ဆောင်းသီးနှံ ပဲမျိုးစုံနှင့်နွေစပါး ဆက်လက်စိုက်ပျိုးမည့် အခြေအနေများကို မေးမြန်းပြီး လိုအပ်ချက် များ ညှိနှိုင်းဆွေးနွေးခဲ့သည်။ ယင်းနောက် အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး မော်တာနှင့်ပန့်များ အမြန်ပြုပြင်ပေးရေး၊ ပြုပြင်ဆဲကာလအတွင်း ရေသန့်စင်စက်မှရေကို ဖြန့်ဝေပေးရေး၊ ပျက်စီးသွားသော ကျေးရွာတွင်း လမ်းများ စုစုပေါင်း ‌ပေ ၄၀၀၀ ဆက်လက်ပြုပြင်ဆောင်ရွက်သွားရေး တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် နတ်သရဲ-ပေါစံခေါ-သစ်ဆိမ့်ပင် ကျေးရွာချင်းဆက်လမ်း ၂ မိုင် ၇ ဖာလုံပေါ်၌      ရေတိုက်စားပျက်စီးသွားသော ၆ ပေ ၂ လုံးတွဲ Box Culvert နေရာတွင် ဆက်သွယ်သွားလာမှု မပြတ် တောက်စေရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးထားသော ပေ ၅၀ ယာယီဘေလီတံတား တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ဘေလီတံတား နေရာတွင် ၁၈ ပေ x ၁၂ ပေ x ၆ ပေ Box Culvert တစ်စင်း ပြန်လည်တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm