ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(အင်္ဂလိပ်စာသင်တန်း) ဖွင့်ပွဲအခမ်းအနား
နေပြည်တော် အောက်တိုဘာ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(အင်္ဂလိပ်စာသင်တန်း)ဖွင့်ပွဲအခမ်းအနားကို ၂-၁၀-၂၀၂၄ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ရုံးအမှတ်(၃၆-B)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ-၂၌ ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က နယ်ပယ် ပေါင်းစုံတွင် အင်္ဂလိပ်ဘာသာသည် အရေးပါလျက်ရှိသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မိမိတို့ ဝန်ထမ်းများ၏ Capacity Building မြှင့်တင်သည့်အနေဖြင့် ဝန်ထမ်းများ အား အင်္ဂလိပ်ဘာသာ စကားကို သွက်လက်ချက်ခြာစွာ ပြောဆိုအသုံးပြုနိုင်စေရန်၊ ဦးစီးဌာန၏ ပုံရိပ်ကို အပြည်ပြည်ဆိုင်ရာ နယ်ပယ်ကဏ္ဍအစုံတွင် မြှင့်တင်နိုင်ရန်၊ ဝန်ထမ်းများ၏ အင်္ဂလိပ်စာ စွမ်းရည် တိုးတက်မြင့်မား၍ နိုင်ငံခြား ပညာတော်သင်ဆုများ ဖြေဆိုအောင်မြင်နိုင်ရေးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ သံရုံးများနှင့် ဆက်သွယ်ပြောဆိုနိုင်စေရန် ရည်ရွယ်ပါကြောင်း၊ ဝန်ထမ်းများသည် ဆရာများက သင်ကြားပေးသည်ထက် မိမိကိုယ်တိုင် ပိုတော်ပိုကျွမ်းကျင်မှုရှိအောင် ကြိုးစားသင်ယူကြ ရမှာဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် တက်ရောက်ခဲ့သော ဝန်ထမ်းများအနေဖြင့် သင်တန်းမှ ပို့ချသည့် အသိပညာ၊ အတတ်ပညာများသာမက မိမိတို့ကိုယ်တိုင် အရည်အချင်းပြည့်မှီနေအောင် အမြဲကြိုးစားနေရမည်ဖြစ်ပါကြောင်း၊ အင်္ဂလိပ်ဘာသာစကား၏ ကျယ်ပြန့်နက်ရှိုင်းမှု၊ ဝေါဟာရ၊ အသုံးအနှုန်းအနေအထားများကို ပိုမိုသိရှိလာပြီး ယခုထက်အဆင့်မြင့်မားသည့် ပညာရပ်များကိုလည်း Life Long Learning လေ့လာဆည်းပူးသွားကြရန်နှင့် အချင်းချင်းအပြန်အလှန် သင်ယူပူးပေါင်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြ ဆရာမမှ မိတ်ဆက်စကားပြောကြားပြီး သင်တန်းတွင် သင်ကြားမှု နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူ(၂၅)ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ (၂-၁၀-၂၀၂၄) ရက်နေ့မှ (၄-၁၂-၂၀၂၄) ရက်နေ့ထိ ၂လကြာ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။