Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေတိုက်စားပျက်စီးခဲ့သည့် မုံပင်ကျေးရွာ လူကူးတံတား ပြန်လည်ပြုပြင်နိုင်ရေးကွင်းဆင်းစစ်ဆေး


07 Oct,2024

သာစည် အောက်တိုဘာ ၃

            သာစည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေတိုက်စားပျက်စီးသွားသည့် မုံပင်ကျေးရွာလူကူးတံတား ပြန်လည်ပြုပြင်နိုင်ရေးအတွက် ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးသည် မိတ္ထီလာခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၊ သာစည်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ)တို့နှင့်အတူ သာစည်မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့် အတူရေတိုက်စား၍ ကြမ်းခင်း မျောပါပျက်စီးသွားခဲ့သည့် မုံပင် - သဲလုံးချောင်း လူကူးတံတားအရှည်ပေ ၁၂၀၊ အကျယ် ၆ ပေရှိသည့် လူကူးတံတားပြန်လည်ပြုပြင်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ရာ အဆိုပါကျေးရွာရှိ အိမ်ခြေ ၆၄ အိမ်၊ လူဦးရေ ၃၀၄ ဦးတို့ ပြန်လည်အသုံးပြုနိုင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားနိုင်ရေး မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm