ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်တိုင်းအစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃ -၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အောက်တိုဘာ ၄ ရက်က ရန်ကုန် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အသင်းစုဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဒုတိယတိုင်း ဦးစီးမှူး ဒေါ်အေသူမြင့်နှင့် တာဝန်ရှိသူများ၊ အသင်းသား၊ အသင်းသူများ တက်ရောက်ခဲ့ကြ သည်။
ရှေးဦးစွာ သဘာပတိအသင်းစုဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက အမှာစကားပြောကြား ပြီး ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဒုတိယတိုင်းဦးစီးမှူး ဒေါ်အေသူမြင့် မှ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်၊ ဝန်ကြီးဌာနနှင့် ဦးစီဌာနမှ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အသင်းစုဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်း များကို ဒုတိယဥက္ကဋ္ဌ(၁) ဦးဖုန်းမြင့်ကလည်းကောင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာအား ဦးကျော်ရွှေက ဖတ်ကြားတင်ပြရာ အသင်းဝင်ကိုယ်စားလှယ်များ၏ အတည်ပြုချက်များကို ရယူခဲ့ကြသည်။
ထို့နောက် အသင်းဝင်ခရိုင် (၄) ခရိုင် GEC သမဝါယမအသင်းများအား အစုပေါ် အမြတ်ငွေ(၇၄၆၉၂၁ဝ.၁၄)ကျပ်အား ခွဲဝေပေးခဲ့ကြောင်းနှင့် ယနေ့ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းစုလီမိတက်၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ အသင်းဝင်းပေါင်း(၅၀)ကျော် တက်ရောက်ခဲ့ ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။