Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်၊ ဥယျာဥ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး


04 Oct,2024

မိတ္ထီလာ  အောက်တိုဘာလ ၅  ရက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိတ္ထီလာမြို့နယ်၊ တောမကျေးရွာအုပ်စု၊ ဥယျာဥ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်း၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက နို့စားနွားမွေးမြူရေးလုပ်ငန်းအဖွဲ့နှင့်အတူ ဥယျာဥ်ကျေးရွာ၌  မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် နို့စားနွားမွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းရေရှည်တည်တံ့အောင်မြင်စေရေးအတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
 

မိတ္ထီလာမြို့နယ်၊ ဥယျာဉ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၄ - ၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ စီမံကိန်းပထမနှစ်စက်ဝန်းအဖြစ်  နို့စားနွားမွေးမြူရေးလုပ်ငန်း အစုအဖွဲ့လေးဖွဲ့ကို စီမံကိန်းလည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ထုတ်ချေးထားကြောင်း မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm