Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျော်ဘွယ်မြို့နယ်၊ ပေကုန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများသို့ သောက်သုံးရေဖြန့်ဝေလှူဒါန်း


04 Oct,2024

ပျော်ဘွယ် အောက်တိုဘာ ၄ ရက်

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေကုန်းကျေးရွာ၌ ကျေးလက်နေပြည်သူများ သောက်သုံးရေအခက်အခဲများပြေလည်စေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းကြောင်း သိရသည်။

ထို့သို့ လှူဒါန်းရာတွင် ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်နှင့် ဝန်ထမ်းများက ပေကုန်းကျေးရွာတွင် ရေဘေးသင့်ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစေရန်အတွက် ဂါလံ ၇၀၀ ကျော်အား ဖြန့်ဝေလှူဒါန်းကြသည်။

ထို့နောက် ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်နှင့် ဝန်ထမ်းများက ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ ကျေးရွာအတွင်းရှိ စက်ရေတွင်းများရေဝင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က စက်ရေတွင်းများ တွင်းဆေး၊ တွင်းမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်ပေးရန်နှင့် ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။

အဆိုပါ သောက်သုံးရေဖြန့်ဝေခြင်းလုပ်ငန်းများကို ပျော်ဘွယ်မြို့နယ်အတွင်းရှိ ရေဘေးသင့်ဒဏ်ခံစားရသော ကျန်ရှိသည့်ကျေးရွာများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm