Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးပြီးစီးခြင်း


27 Sep,2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၆.၉.၂၀၂၄) ရက်နေ့ နံနက်ပိုင်း၌ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဌာနမှ ကွန်ပျူတာလက်တွေ့ စာမေးပွဲဖြေဆိုနေမှု အခြေအနေများကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ ဦးဆောင်၍ သင်တန်းရေးရာဌာနမှူးနှင့် မော်ကွန်းထိန်းများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကွန်ပျူတာလက်တွေ့ စာမေးပွဲများကို (၁၆.၉.၂၀၂၄)ရက်နေ့မှ (၁၈.၉.၂၀၂၄) ရက်နေ့ထိလည်းကောင်း၊ Theory ပိုင်း ရေးဖြေစာမေးပွဲများကို (၁၈.၉.၂၀၂၄) ရက်နေ့မှ (၂၅.၉.၂၀၂၄)ရက်နေ့ထိ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ မဟာတန်းပထမနှစ်၊ မဟာတန်းဒုတိယနှစ်တို့၏ ပထမနှစ်ဝက်/ဒုတိယနှစ်ဝက်စာမေးပွဲများကို ကျောင်းသား၊ ကျောင်းသူဦးရေ (၁၁၀၂)ဦး ဖြေဆိုခဲ့ကြပါသည်။

ကွန်ပျူတာလက်တွေ့စာမေးပွဲများနှင့်‌ရေးဖြေစာမေးပွဲများကို အဆင်ပြေချောမွေ့စွာ ဖြေဆိုစစ်ဆေးပြီးစီးနိုင်ရေးအတွက် ပါမောက္ခချုပ်၏လမ်းညွှန်ဦးဆောင်မှုနှင့်အညီ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍  စနစ်တကျဆောင်ရွက်ခဲ့ကြပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm