Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချမ်းမြသာစည်မြို့နယ်သမဝါယမအသင်းစု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနား ကျင်းပ


27 Sep,2024

ချမ်းမြသာစည် စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို အဆိုပါမြို့နယ်သမဝါယမ အသင်းစုရုံး၌ ယမန်နေ့က ကျင်းပခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးတွင် သဘာပတိဥက္ကဋ္ဌ ဦးချစ်ခင်က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက သမဝါယမ အသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပရခြင်းနှင့်ပတ်သက်၍ ဖြည့်စွက် အကြံပြုပြောကြားခဲ့သည်။ ဆက်လက်၍ သမဝါယမအသင်းစုချုပ် အတွင်းရေးမှူး ဦးသိန်းမြင့်က သမဝါယမအသင်းစု၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီးနောက် မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်မူက သမဝါယမအသင်းစုနှင့် ပတ်သက်သည့်လုပ်ငန်း ဆိုင်ရာများအား ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် သမဝါယမအသင်းစုအဖွဲ့ဝင် ဦးသန်းထွန်းက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေး ရှင်းတမ်းများနှင့် အမြတ်ခွဲဝေမှုစာရင်းများအားလည်းကောင်း၊ သမဝါယမအသင်းစုစာရင်းစစ် ဦးမောင်မောင်မြင့်က အသင်းစာရင်းစစ်အစီရင်ခံစာများအား ဖတ်ကြားတင်သွင်းခြင်းများ ဆောင်ရွက် ခဲ့သည်။

အစည်းအဝေးတွင် ၂ဝ၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေ့လုပ်ငန်း စဉ်များအား အသင်းဝင်ကိုယ်စားလှယ်များထံမှ အတည်ပြုချက်ရယူခြင်း၊ တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်များမှ နားမလည်သည်များအားမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း များ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ သမဝါယမအသင်း များမှ အမှုဆောင်များ၏ အခြေခံပညာအထက်တန်းတွင် ဂုဏ်ထူးဖြင့် အောင်မြင်သောသား၊ သမီးများအား ဆုချီးမြှင့်ခြင်း၊ ချမ်းမြသာစည်မြို့နယ် သမဝါယမအသင်းစုသို့ အစုထည့်ဝင်ထားသော ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အစုပေါ်အမြတ်နှင့်အစုပေါ်အတိုးငွေများအား တာဝန်ရှိသူများမှ ပေးအပ် ကြောင်းသိရသည်။

အောင်ဇော်မင်း

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm