Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာတံတားထိခိုက်ပျက်စီးမှုအား ကြည့်ရှုစစ်ဆေး


01 Oct,2024

နေပြည်တော် အောက်တိုဘာ ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ညောင်ပင် သာကျေးရွာသို့ သွားရောက်ပြီး ပုဂ္ဂလိကပိုင် တွင်းတိမ်များအား တွင်းဆေးတွင်းမှုတ် ပြုလုပ်ပြီး  သန့်ရှင်းသော သောက်သုံးရေ ပြန်လည်ရရှိအသုံးပြုနေမှု အခြေအနေတို့ကို လိုက်လံကြည့်ရှု စစ်ဆေး သည်။အဆိုပါကျေးရွာတွင် ပုဂ္ဂလိကတွင်းတိမ် ၁၃၀တွင်းအား တွင်းဆေးတွင်းမှုတ်ဆောင်ရွက် ပေးထားပြီးဖြစ်သည်။

ဆက်လက်၍ ရေတိုက်စား၍ ပျက်စီးသွားသော ညောင်ပင်သာ ရွာတွင်းလမ်းပေ (၁၀၀၀) ပြန်လည်ပြုပြင်ပေးနိုင်ရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ကျေးရွာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် သမဝါယမကဏ္ဍမှ ကူညီပံ့ပိုးပေးရမည့်ကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့သည်။

၎င်းနောက် ဒုတိယဝန်ကြီးသည် ညောင်ပင်သာရွာနှင့် အလယ်ရွာကို ဆက်သွယ်ထားသော ၁၄၀ ပေ တံတားသို့ သွားရောက်ပြီး ရေတိုက်စားမှုကြောင့် ချဉ်းကပ်လမ်းနှင့် ကမ်းကပ်ခုံအကြား ပျက်စီးသွားသောနေရာအား ပြုပြင်ပေးရေး တံတားအောက်ခြေတွင် ရေစီးရေလာကောင်းမွန်ရေး အတွက် သဲနှုန်းများနှင့် အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းရေး တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အလယ်ရွာသို့ သွားရောက်ပြီး ရေဘေးကြောင့်ထိခိုက် ပျက်စီးသွားသော ၄ လက်မတွင်းနက်အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တွင်းဆေး တွင်းမှုတ် ပြန်လည်ဆောင်ရွက်ပေးထားမှုနှင့် အိမ်သွယ်ရေတိုင်စနစ် ဖြန့်ဝေပေးနေမှုကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ ရွာတွင်းလမ်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ရွာအလယ်လမ်းပြန်လည် ပြုပြင်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm