Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ဝေးမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ဝင်ငွေတိုးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်


01 Oct,2024

နေပြည်တော်၊ အောက်တိုဘာ ၁

           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် စက်ချုပ် နည်းပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပရာ အခမ်းအနားသို့ စီမံကိန်း လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမင်းဦး၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ သက်ဆိုင်ဌာန များမှ တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          ဦးစွာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမင်းဦးက နေပြည်တော်ကောင်စီအနေဖြင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဒေသတွင်းအသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ပြည်တွင်းစီးပွားရေး တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပဈေးကွက်ထိ ထိုးဖောက် နိုင်ရေးကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော မိသားစုဝင်ငွေတိုးရေးစီမံကိန်းသည် ပြည်သူများ အတွက် အမှန်တကယ်အကျိုးရှိသော စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် လည်း မိမိ မိသားစု၊ မိမိရပ်ကွက်၊ မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက် အောင် အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားပြီး စီမံကိန်းကော်မတီဝင်များအား စီမံကိန်းဝတ်စုံများပေးအပ်ပါသည်။

       ယခုဖွင့်လှစ်သော သင်တန်းများအနေဖြင့် လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာတွင် စက်ချုပ် နည်းပညာသင်တန်းကို သင်တန်းသား(၁၀)ဦးဖြင့် အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၄ ရက်ထိ လည်းကောင်း ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်တွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို သင်တန်းသား (၁၅)ဦးဖြင့် အောက်တိုဘာလ ၁ ရက်မှ ၇ ရက်ထိ လည်း ကောင်း ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတစ်ခုချင်းစီမှ အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm