Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဝန်ထမ်းများ ဆန္ဒဖော်ထုတ် ပွဲနှင့် သက်သာချောင်ချိရေးအတွက် စားသုံးဆီထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်


25 Sep,2024

နေပြည်တော်၊ စက်တင်ဘာ ၂၅

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏  ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲနှင့် သက်သာချောင်ချိရေးအတွက် စားသုံးဆီထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပရာ သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲများမှ ကိုယ်စားလှယ်ဝန်ထမ်းများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာ ယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုလိုက်နာ၍ ဂရုစိုက်မောင်းနှင်ကြရမည်ဖြစ်ပါကြောင်း၊ ယခုလို ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)များတွင် ဝန်ထမ်းများအနေဖြင့် တင်ပြချက်များသည် အခြားသူကို အပြစ် ပြောခြင်း၊ မကောင်းပြောခြင်းမျိုးမဟုတ်ဘဲ မိမိ၏အခက်အခဲ၊ ဌာန၏အခက်အခဲနှင့် ကောင်းကျိုးများ ကို စည်းစနစ်ကျစွာ တင်ပြကြရမည်ဖြစ်ပါကြောင်း၊ တင်ပြချက်များသည် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အနေဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက် များအတိုင်း လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ဝန်ကြီးဌာနမှ ချမှတ်ထားသော ရည်မှန်းချက်များ ကို ပြည်ထောင်စုဝန်ကြီးရုံးတစ်ခုတည်းဖြင့် ဆောင် ရွက်၍မရပါကြောင်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄)ခု ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင် မည်ဖြစ်ပါကြောင်း၊ ထို့အပြင် သင်တန်းများ၊ စီမံကိန်းလုပ်ငန်းများ၊ ယွန်း၊ ရက်ကန်းဆိုင်ရာ သင်တန်းများ၊ ဓာတ်ခွဲစမ်းသပ်ပေးမှုများကိုလည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ တစ်ထောင့် တစ်နေရာမှာ ပါဝင်ဆောင်ရွက်ပေး နေသည်ကို တွေ့ရှိရပါကြောင်း။

          ဝန်ထမ်းများအနေဖြင့် ဌာနတွင်း ရာထူးတိုးရေးအတွက် မှန်မှန်ကန်ကန် ကြိုးစားရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ပြန်တမ်းဝင်အရာရှိဝင်ပေါက်ရာထူး ကြော်ငြာခေါ်ယူ သည့်အချိန်တွင် မိမိ၏ ပညာအရည်အချင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ဝင်ရောက်ဖြေဆို ကြစေလိုပါကြောင်း၊ နိုင်ငံခြား ပညာတော်သင် ကိစ္စရပ်များကိုလည်း ဖြေဆိုသွားကြစေလိုပါကြောင်း၊ မိမိ အနေဖြင့် အားပေးလျက် ရှိပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် Intelligence Quotient (IQ)၊ Emotional Quotient (EQ)၊ Social Quotient (SQ)၊ Adversity Quotient (AQ)များမြှင့်မားနေကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် စိတ်ကောင်း၊ စေတနာ ကောင်းထားပြီး ကိုယ်ချင်းစာတရားရှိရမည်ဖြစ်ပါကြောင်း၊ ရာထူးဆိုသည်မှာ တောင်းယူရသည် အရာမဟုတ်ဘဲ ကြိုးစားယူရမည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် မှာကြား လိုသည်မှာ ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကောင်းမှသာ မိဘများ၊ သားသမီးများကို စောင့်ရှောက်နိုင်ပြီး အလုပ်တာဝန်များကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သည် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးအတွက် အောင်မြင်ထိရောက်စွာ ဆောင်ရွက်ပေးနေသည့် ဦးစီးဌာနတစ်ခုဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ဂုဏ်ယူရမည်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင် ရွက်ရာတွင် ကိုယ်ချင်းစာတရားရှိခြင်း၊ စိတ်ရှည် သည်းခံပြီး သူ့ဘက် ကိုယ့်ဘက်ကြည့်ပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ကြိုးစားကြရာတွင် ဌာနတစ်ခုတည်း သီးသန့် ဆောင်ရွက်၍မရပါကြောင်း၊ ဌာနများ အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်း အချင်းချင်း အပြန်အလှန် လေးစားမှုရှိပြီး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိသားစုဆန် သော အပြုအမှုများဖြင့် အချင်းချင်း ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ဝန်ထမ်းများအတွက် ကိုယ်ကျင့်တရားကောင်းရမည်၊ စည်းကမ်းကောင်းမွန်ပြီး စနစ်တကျရှိရမည်၊ ပူးပေါင်းဆောင်ရွက်လို စိတ်ရှိရမည်၊ စိတ်ကောင်း စေတနာကောင်းထားရမည်၊ ပေးအပ်သော တာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်နိုင်ရမည်ဟူသော မူဝါဒများကို ချမှတ်ထားပါကြောင်း၊ မိမိတို့ဌာန သည် သင်တန်းများကို အဓိကထားဆောင်ရွက်နေသောကြောင့် ဝန်ထမ်းများကိုယ်စီ စွမ်းရည်၊ ကျွမ်းကျင်မှု၊ အသိပညာ၊ အတတ်ပညာများ ရှိရမည်ဖြစ်ပါကြောင်း နှင့် ဌာနအောင်မြင်ရေး အတွက်လည်း အစီအမံများ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ထောက်ပံ့ပစ္စည်းများပေးအပ်ကြရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ရေဘေးသင့်ဝန်ထမ်း(၄)ဦးကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က စီမံခန့်ခွဲရေးဌာနခွဲ၊ ဘဏ္ဍာရေးဌာနခွဲ၊ စီမံကိန်းဌာနခွဲ နှင့် အသက်မွေးပညာဌာနခွဲမှ ဝန်ထမ်းများကို လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက စက်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ လက်မှုဖွံ့ဖြိုးရေးဌာနခွဲနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရေးနှင့် သုတေ သနဌာနခွဲမှာ ဝန်ထမ်းများကိုလည်းကောင်း အသီးသီး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

          ယနေ့ ကျင်းပပြုလုပ်သော အခမ်းအနားတွင် ရေဘေးသင့်ဝန်ထမ်း(၄)ဦးအတွက် ထောက်ပံ့ ပစ္စည်းတန်ဖိုး ကျပ် ၁၈၆,၀၀၀ နှင့် ဝန်ထမ်း(၂၀၂)ဦးအတွက် သက်သာချောင်ချိရေး ထောက်ပံ့ပစ္စည်း တန်ဖိုး ကျပ် ၁,၇၁၇,၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm