Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


24 Sep,2024

နေပြည်တော် စက်တင်ဘာ ၂၄

၁။      သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု  အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၂။      ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာ အုပ်စု၊ အလယ်ရွာကျေးရွာနှင့် ရှမ်းရွာကျေးရွာတို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံပြီး ရေတိုက်စားမှုများကြောင့် ကျေးရွာတွင်းလမ်းများ ပျက်စီးနေမှုများ၊ ကျေးရွာချင်းဆက်လမ်းများ ပျက်စီးခြင်း၊ လမ်းပခုံးများ ရေတိုက်စားပျက်စီးမှု အခြေအနေများနှင့် ကျေးရွာအတွင်း ပုဂ္ဂလိကပိုင် စက်ရေတွင်းများ တွင်းဆေးတွင်းမှုတ်ဆောင်ရွက်နေမှု အခြေအနေများ၊ ရွေ့လျားရေသန့်စင်ကား ဖြင့်သောက်သုံးရေဖြန့်ဝေပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စု ဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လတ်တလော လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေး ကျေးရွာချင်းဆက် လမ်း၊ တံတားပျက်စီးမှုများအား အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးသွားရန်၊ ကျေးရွာနေပြည်သူများ သောက်သုံးရေများရရှိရေး လိုအပ်သည်များ အမြန်ဆုံး ဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားပါသည်။

၃။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် အလယ်ရွာကျေးရွာနှင့်  ရှမ်းရွာကျေးရွာ တို့ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ဇေယျာသီရိမြို့နယ်အပါအဝင် တစ်နိုင်ငံ လုံးရှိ ရေဘေးသင့်ဒေသအားလုံးတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးမှုများ ကို အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သည် မိုးစပါး နှင့် စိုက်ပျိုးသီးနှံများအတွက်လည်း ပြန်လည်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့်လည်း စိတ်တူကိုယ်တူ ဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်း များဖွဲ့စည်းကာ ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်ဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ် လုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည့် အရင်းအနှီးများ မတည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီးနောက် အလယ်ရွာကျေးရွာ အိမ်ထောင်စု (၁၀၀)စု၊ ရှမ်းရွာကျေးရွာရှိ အိမ်ထောင်စု(၁၂၀)စုတို့တွက် အိမ်ထောင်စုတစ်စုလျှင် ဆန်နှင့် အဝတ် အထည်များ ထောက်ပံ့ပေးအပ်ကာ ပုဂ္ဂလိက စက်ရေတွင်းများ တွင်းဆေးတွင်းမှုတ်ဆောင်ရွက်နေမှု ကြည့်ရှု စစ်ဆေးပါသည်။

၄။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ဝဲကြီးကျေးရွာသို့ သွားရောက်ပြီး မိုးအဆက်မပြတ်ရွာသွန်းပြီး ဆင်သေချောင်းရုတ်တရက် ရေကြီးရေလျှံမှုများကြောင့် ကျေးရွာတွင်းလမ်းများနှင့် စိုက်ပျိုးသီးနှံများ ချောင်းရေတိုက်စားပျက်စီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြုပြင်ရေး လုပ်ငန်းများအား ဦးစားပေးအလိုက် အမြန်ဆုံးဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm