Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်း


26 Sep,2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် သမဝါယမနှင့်စီမံ ခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တို့ရှိ ဝန်ထမ်းမိသားစုများမှ လှူဒါန်းသည့် ပစ္စည်းများအား ၂၁-၉-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရာဂီမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ သဘာဝ ဘေးဒဏ်ကို ထိခိုက်ခံစားခဲ့သော နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ရေဘေးသင့်ကျေးရွာများဖြစ်သည့် နတ်သူရဲအုပ်စု၊ ပေါစံခေါရွာ၏ မြောက်တန်းသာ၊ တောင်တန်းသာ၊ ရွာအရှေ့ပိုင်း၊ ရွာအနောက်ပိုင်း တို့ရှိ စုရပ် (၄) နေရာတွင်လည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ ရွာသာအုပ်စု၊ ရွာသာရွာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် အေလာမြို့နယ် သရက်တောပရိယတ္တိစာသင်တိုက်တို့တွင် ဖွင့်လှစ်ထားရှိသော ရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ကျေးရွာ (၁၂) ရွာမှ ရေဘေးသင့်ပြည်သူများအားလည်းကောင်း၊ အဝတ်အထည်၊ အစားအသောက်၊ ဖယောင်းတိုင်နှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်း ခဲ့ပြီး သရက်တောပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကုမာရအား ဝန်ကြီးရုံးဝန်ထမ်းမိသားစုများမှ နဝကမ္မဝတ္ထုငွေ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm