Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေတိုက်စားပျက်စီးခဲ့သည့် ကုက္ကိုစု - မရွေး - သနပ်ကန် လမ်းတံတား၏ ချဉ်းကပ်လမ်း ပြန်လည်ပြုပြင်


26 Sep,2024

သာစည် စက်တင်ဘာ ၂၅

     မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ရေတိုက်စားပျက်စီးခဲ့သည့် ကုက္ကိုစု - မရွေး - သနပ်ကန် လမ်းတံတား၏ ချဉ်းကပ်လမ်းကို စက်ယန္တရားများ အသုံးပြု၍ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

      အဆိုပါ ရေတိုက်စားမှုကြောင့် ချဉ်းကပ်လမ်း ပေ ၅၀ နိမ့်ကျမှုဖြစ်ပေါ်ခဲ့ပြီး ချဉ်းကပ်လမ်း အရှည်ပေ ၁၀၀၊ အကျယ်ပေ ၂ဝ ခန့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စက်ယန္တရားများဖြင့်မြေများဖို့ခြင်း ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကာ အဆိုပါ လမ်းသည် ကျေးရွာ သုံးရွာကို အကျိုးပြုဆက်သွယ်သွားလာသောလမ်း ဖြစ်ကြောင်းနှင့် အမြန်ဆုံးပြန်လည် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm