Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ရေဘေးဒဏ်သင့်ခံစားခဲ့ရသည့်ဝန်ထမ်းများအား ဆန်/ဆီနှင့် ထောက်ပံငွေများ ပေးအပ်ခြင်း


26 Sep,2024

နေပြည်တော် စက်တင်ဘာ ၂၆ 

     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) ဝန်ထမ်းစားရိပ်သာ၌ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်‌တော်အတွင်းရှိ ရေဘေးဒဏ်သင့်ခံစားခဲ့ရသည့် အမှုထမ်းအဆင့် ဝန်ထမ်း(၁၀) ဦးအား ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စစ်ဆေးရေးအရာရှိချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက ရေဘေးဒဏ်သင့်ဝန်ထမ်း (၁) ဦးချင်းစီအား ဆန်၊ ဆီနှင့် ထောက်ပံငွေများ အသီးသီးပေးအပ်ခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm