Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများနှင့် ကျေးရွာလမ်းပြုပြင်နေမှု ကြည့်ရှုစစ်ဆေး


24 Sep,2024

လယ်ဝေး စက်တင်ဘာ ၂၃

        နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် စက်တင်ဘာ ၂၂ ရက်က လယ်ဝေးမြို့နယ် ရေလဲပေါက် ကျေးရွာစာသင်ကျောင်း၌ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို ဦးဆောင်၍ ဒက္ခိဏသီရိ မြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့မှ ဝန်ထမ်းများ၊ ရဲတပ်သားသစ် သင်တန်းမှ သင်တန်းသားများစုပေါင်း၍ ရေကြီးနစ်မြုပ်ခဲ့သည့် ကျောင်းဝင်း၊ စာသင်ခန်းများအတွင်း နုန်းနှင့် အမှိုက်များ သန့်ရှင်းရေးဆောင်ရွက် နေမှုကို ကြည့်ရှုအားပေးကာ ရေသန့်နှင့် မုန့်များ ပေးအပ်သည်။

     ဆက်လက်၍ မြို့ရှောင်လမ်းမှ ကွမ်းခြံကျေးရွာသို့ သွားရောက်သည့် လမ်းကို မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးရာ တာဝန်ခံ အင်ဂျင်နီယာက ရှင်းလင်းတင်ပြသည်။ မြို့ရှောင်လမ်းနှင့် ကွမ်းခြံကျေးရွာသို့ ဆက်သွယ်ထားသည့်လမ်းမှာ အရှည် ၂ မိုင် ရှိပြီး ယနေ့အထိ ၀.၄ မိုင် ပြုပြင် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm